အပိုင်း(၆) (Teaser)
မဟာမြိုင်စံအိမ် အိမ်သားများသည် မဟာမြိုင်စံအိမ်အရှင်သခင်ဒေါ်ငွေစိန်၏ မျက်နှာသာပေးမှုကို ရရန်အသည်းအသန်ကြိုးစားနေကြသည်။ ထိုအိမ်သားများထဲတွင် မြေးဖြစ်သူ နေနိုင်သည် ဒေါ်ငွေစိန်၏ အချစ်ဆုံးဖြစ်သည်။ ထို့ကြောင့် ကျန်အိမ်သားများက နေနိုင့်ကို ကျော်အောင်ကြိုးစားကြသည်။ တစ်ရက်တွင် နေနိုင်သည် အသက်ဆိုသည့် အခြေခံလူတန်းစားမိန်းကလေးနှင့် ချစ်ကြိုက်ကာ ဇနီးအဖြစ်လက်ထပ်ခဲ့သည်။ နေနိုင်က ဒေါ်ငွေစိန်၏ အချစ်ဆုံးမဖြစ်နိုင်တော့ဟု ထင်ခဲ့သော်လည်း အသက်သည် တဖြေးဖြေးနှင့် ဒေါ်ငွေစိန်၏ မျက်နှာသာပေးမှုကို ခံလာရသောအခါ မဟာမြိုင်အိမ်သားများသည် အသက်၏ အားနည်းချက်ကို ရှာဖွေရန်အပူတပြင်းကြိုးစားရလေတော့သည်။