ဇာတ်ဝင်တေးသီချင်း ၂
အသက် ၃၀ အရွယ် ဂေါ်မစွံသည့် လူပျိုကြီး ကြည်မောင်သည် လိုက်သမျှမိန်းကလေးတိုင်း၏ အငြင်းခံရသဖြင့် ဖခင်ဖြစ်သူအပါအဝင် တစ်ရွာလုံး၏ လှောင်ရယ်ခြင်းကိုခံရပြီးနောက်ဆုံးတွင် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သည်။ သေဆုံးပြီးသည့် ကြည်မောင်ကိုအသုံးချကာ ပယောဂဆရာနှင့်သူငယ်ချင်းတစ်သိုက်က ပီယဆေးဖော်စပ်လိုက်သည်ကို မကျွတ်လွတ်သေးသည့် ကြည်မောင်တစ်ယောက်သိသွားသောအခါ...