အပိုင်း(၁) (Teaser)
ခင်လန်းဆန်းသည် ဟိုးလေး ဆိုသည့် အမျိုးသားကို ချစ်မိသွားခဲ့သည်။ ခင်လန်းဆန်းသည် ကျိကျိတက် ချမ်းသာသည့် မိသားစုမှ တစ်ဦးတည်းသော သမီးဖြစ်သည်။ သို့သော် ကားဝပ်ရှေ့တစ်ခုသာ ပိုင်သော ဟိုးလေးကို ချစ်မိသဖြင့် လက်ထပ်ခဲ့သည်။ ဟိုးလေး သည် ခင်လန်းဆန်းကို အလွန်ချစ်သည်။ သို့သော် ဟိုးလေး တွင် အလွန်ချစ်ခဲ့ရသော အချစ်ဦး ရှိသည်ကို ခင်လန်းဆန်း သိထားသည်။ ထိုအချစ်ဦးကို မိမိလောက်မချစ်ဘူးလား ဆိုသည့် မေးခွန်းသည် ခင်လန်းဆန်း ရင်ထဲတွင် အမြဲရှိနေခဲ့သည်။
ခင်လန်းဆန်းနှင့် ဟိုးလေးတို့ လက်ထပ်ပြီးနောက် ခင်လန်းဆန်းက ခင်ပွန်းဖြစ်သူနှင့် အတူလိုက်နေခဲ့သည်။ (ဟိုးလေး) တွင် ဟိုးကြီး ဆိုသည့် အစ်ကို တစ်ဦးရှိသည်။ ဟိုးကြီးသည် မြစံမြန်းဆိုသည့် မိန်းကလေးနှင့် အိမ်ထောင်သက် ခြောက်နှစ်ရှိပြီဖြစ်သည်။ ဟိုးကြီးသည် အရက်စွဲကာ ကျန်းမာရေး မကောင်းတော့ပေ။ မြစံမြန်းနှင့် ချစ်သူတွေမဟုတ်ပဲ အတင်းအကျပ် သိမ်းပိုက် လက်ထပ်ထားကြောင်း ခင်လန်းဆန်းသိလိုက်ရသည်။ သမီးယောင်းမဖြစ်သော မြစံမြန်းကိုမူ ခင်လန်းဆန်း ခင်မင်သည်။ မြစံမြန်းတွင်လည်း ဟိုးကြီးနှင့် လက်မထပ်ခင် ချစ်သူရှိခဲ့ဖူးကြောင်း သိလိုက်ရသည်။ ဘော်ဘီဟိုး ဟိုးကြီးနှင့် ခင်လန်းဆန်းတို့ အိမ်ထောင်ရေးသည် ထင်သလောက် အဆင်မပြေနေချေ။ ဟိုးကြီးက အရက်မူးလာတိုင်း မြစံမြန်းကို ပြဿနာရှိသည်။ မြစံမန်းက ဟိုးကြီးကို မချစ်ပဲ လက်ထပ်ခဲ့ရကြောင်း ခင်လန်းဆန်းကို ရင်ဖွင့်ခဲ့သည်။
ဟိုးကြီးသည် အရက်ကြောင့် အသည်းရောဂါဖြင့် ဆေးရုံတက်ခဲ့သည်။ နောက်ဆုံးအချိန်တွင် ခင်လန်းဆန်းကို ဟိုးလေးနှင့် မြစံမြန်းတို့က အရင်က ချစ်သူတွေ ဖြစ်ခဲ့ကြောင်း ပြောပြကာ သေဆုံးခဲ့သည်။ ခင်လန်းဆန်း တစ်လျှောက်လုံး တိတ်တခိုး အားကျခဲ့ရသည့် ခင်ပွန်းဖြစ်သူ၏ အချစ်ဦးမှာ မြစံမြန်း ဖြစ်နေကြောင်း သိလိုက်ရချိန်တွင် တုန်လှုပ်သွားခဲ့သည်။ မြစံမြန်းကို ခင်မင်ကာ သံယောဇဉ်ရှိသော်လည်း တိတ်တခိုး မနာလိုခဲ့သည်။ သို့သော် ခင်ပွန်းဖြစ်သူကိုရော မြစံမြန်းကိုပါ ထုတ်မပြောခဲ့ပေ။ ဟိုးကြီး သေဆုံးသွားပြီးနောက် မြစံမြန်းတွင် ကိုယ်ဝန်ရှိလာခဲ့သလို ခင်လန်းဆန်းတွင်လည်း ကိုယ်ဝန်ရှိလာခဲ့သည်။ ခင်လန်းဆန်းက ကိုယ်ဝန်ရှိကြောင်း ပြောရန်စောင့်နေချိန်တွင် မြစံမြန်းက ကိုယ်ဝန်ကြောင့် မူးလဲသွားသဖြင့် ဟိုးလေး က လိုက်သွားခဲ့ရသည်။ ခင်လန်းဆန်းစိတ်ထဲတွင် ထုတ်မပြောပဲ မြစံမြန်းနှင့် ဟိုးလေး တို့ကို အမြဲ မသင်္ကာဖြစ်နေခဲ့သည်။ ကလေးဆန်သော ခင်လန်းဆန်း၏ စိတ်ကို မြစံမြန်းက ရိပ်မိသဖြင့် အိမ်တွင် မနေတော့ပဲ ကိုယ်ဝန်ဖြင့်ပင် အိမ်ပေါ်က ဆင်းကာ တခြားနေရာတွင် သွားနေတော့သည်။ ခင်လန်းဆန်းက မိမိကြောင့် မြစံမြန်းက တစ်ယောက်တည်း နေရသည်ဆိုသည့် အတွေးဖြင့် မြစံမြန်းထံသို့ ခဏခဏ သွားကာ ကူညီပေးခဲ့သည်။ နောက်ဆုံး မြစံမြန်းက ခင်လန်းဆန်း စိတ်ဆင်းရဲမည်ဆိုးသောကြောင့် သူမနှင့်ဟိုးလေး က ပတ်သက်မှုလုံးဝ မရှိခဲ့ပါဆိုသည့် ပထမဦးဆုံး လိမ်ညာခြင်းကို ကျူးလွန်ပေးခဲ့ရတော့သည်။