ဇာတ်သိမ်းပိုင်း
ဗညားသည် မိခင်ဖြစ်သူ သေဆုံးသွားမှုအပေါ်အပြစ်ရှိသလို ခံစားရကာ နယ်ရှိအိမ်ကြီးတွင် Depession ရောဂါကို ကုစားရန်နေထိုင်ခဲ့သည်။ တစ်ညတွင် ဗညား၏အိမ်ကြီးသို့ ဆူးဆိုသည့် ကောင်မလေးတစ်ယောက် ရောက်လာခဲ့သည်။ ဆူးဆိုသည့် ကောင်မလေးတွင် ထူးဆန်းသည့် အစွမ်းများရှိနေခဲ့သည်။ ဗညားကို စောင့်ရှောက်ရန် အိမ်ကြီးသို့ ရောက်လာကြသော ဗညား၏ သူငယ်ချင်းများဖြစ်ကြသည့် ရှင်းသန့်၊ကိုညီ၊မိုးရိပ်၊ နှောင်းငယ်တို့သည် ဆူးနှင့်တွေ့ကာ ဆူး၏ ထူးဆန်းသည့် အစွမ်းများကို နှဖူးတွေ့ဒူးတွေ့ကြုံရတော့သည်။