အပိုင်း(၁)
“ဂမ္ဘီရ ဘသိုက်၏ ဖခင်သည် ရတနာရှာဖွေသူဖြစ်ပြီး တွေ့ရှိခဲ့သည့် ရတနာသေတ္တာ၏ ပရောဂကြောင့် အသတ်ခံခဲ့ရပြီး ရတနာသေတ္တာလည်း ပျောက်ဆုံးသွားခဲ့သည်။ ငယ်စဉ်ကတည်းက ဒိသာပါမောက္ခကြီးရဲ့ တပည့်အနေဖြင့် ပညာပါရမီ သင်ကြားခံခဲ့ရသူ ဂမ္ဘီရဘသိုက်သည် ပျောက်ဆုံးသွားသည့် ဖခင်ဖြစ်သူ၏ ရတနာသေတ္တာကို ရှာဖွေရင်း ဂန္တာရီခရီးစဉ် လှည့်လည်ရာ လမ်းတွင် များစွာသော ဆန်းကျယ်သည့် ဖြစ်ရပ်များနှင့် တွေ့ကြုံရတော့သည်။ လမ်းခရီးတွင် တွေ့သမျှ ပြည်သူများ၏ သဘာဝလွန်အခက်အခဲများကို ဘယ်လိုကူညီမလဲဆိုတာ...’’